ITPEC စာမေးပွဲများအား တရားမ၀င်မသမာသောနည်းလမ်းများဖြင့် ဖြေဆိုပါက ဖြေဆိုခွင့်ပိတ်ပင်မည်

ITPEC စာမေးပွဲများအားတရားမ၀င် မသမာသောနည်းလမ်းများဖြင့်ဖြေဆိုမှုများ တွေ့ရှိနေရသောကြောင့် ထိုကဲ့သို့မသမာ မှုများပြုလုပ်ဖြေဆိုပါက ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်မျိုးပေးဆောင်ကာ စာမေးပွဲ ဖြေဆိုခွင့်အားပိတ်ပင်မည်ဖြစ်ကြောင်းသိ ရသည်။
"ITPEC exam Center တွေကိုယခု အခါ ရန်ကုန်၊ မန္တလေးအပါအ၀င်တခြား မုံရွာနှင့် တောင်ကြီးမြို့တွေမှာပါဖွင့်လှစ် သွားဖို့စီစဉ်ထားပါတယ်။ အဲဒီလို exam center တွေများလာပြီဆိုရင် စာမေးပွဲ အတွက်မေးခွန်းလုံခြုံရေးကိုအထူးဂရုစိုက် ဖို့လိုအပ်လာပါပြီ။ ဒါပေမဲ့ဒီလိုမေးခွန်းတွေ ရဲ့လုံခြုံရေးဘယ်လောက်ကောင်းကောင်း စာမေးပွဲဖြေတဲ့လူကမသမာတဲ့နည်းလမ်း နဲ့ ဒီနိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ကိုရယူဖို့ကြိုးစားလာနေတာတွေတွေ့ရ တယ်။ နည်းပညာတွေကတစ်နေ့တခြား အလျင်အမြန်တိုးတက်လာနေတာဆိုတော့ bluetooth ပစ္စည်းတွေ၊ SMS သုံးလို့ရ တဲ့ ပစ္စည်းတွေသုံးပြီးဖြေဆိုလာတယ်။ ဒီလို မျိုးစာမေးပွဲဖြေဆိုရင် ဂျပန်နိုင်ငံမှာ ထောင် ဒဏ်သုံးလနှင့် ယန်းငါးသိန်းဒဏ်ကြေးပေး ဆောင်ရမှာဖြစ်ပါတယ်” ဟု ITPEC စာမေး ပွဲများလုံခြုံရေးနှင့်ပတ်သက်သော တာဝန် ရှိသူတစ်ဦးကပြောသည်။

No comments: