အင်တာနက်ကဖေးများအနေနှင့် Member များအား ဈေးသက်သာစွာအသုံးပြုနိုင်သော ၀န်ဆောင်မှုကိုသာပေးနိုင်သေး

အင်တာနက်ကဖေးအများစုတွင်ပြု လုပ်ပေးလျက်ရှိသောအင်တာနက်အသုံး ပြုခွင့် (member card) ကိုင်ဆောင်သည့် member များမှာ ဆိုင်၏အသင်းဝင်ဖြစ် သော်လည်း ၀န်ဆောင်မှုအပြည့်အ၀မရရှိ ပဲ အင်တာနက်ကိုဈေးသက်သာစွာအသုံး ပြုခွင့်သာရရှိကြသေးကြောင်းသိရသည်။
“ကျွန်တော်တို့ဆိုင်တွေကအင်တာနက် ကဖေးအဆင့်သာရှိပါလိမ့်မယ်။ နိုင်ငံတ ကာမှာ PAC အဆင့်ဆိုရင် Library တွေ ရှိရမယ်။ E-Book တွေနဲ့ တခြားစာပေ ပိုင်းဆိုင်ရာလေ့လာစရာစာကြည့်တိုက်မျိုး တွေရှိပါတယ်။ ပြီးတော့ Member ၀င် မယ်ဆိုရင်လည်းဆိုင်မှာရှိတဲ့အင်တာနက် ကိုသုံးနိုင်တယ်။ Library မှာလည်းစာ ဖတ်နိုင်တယ်။ တခြားဗီဒီယိုအစီအစဉ် တွေကိုလည်းလေ့လာကြည့်ရှုနိုင်တယ်။ ဒါပေမဲ့ ဒီမှာက member ၀င်တယ်ဆိုရင် အင်တာနက်အသုံးပြုခဈေးသက်သာတာ ကလွဲပြီးဘာမှ မလုပ်ပေးနိုင်သေးဘူး။ ဒါ ပေမဲ့ ကိုယ်တတ်နိုင်သလောက်၊ လက် လှမ်းမီသလောက် တွေကိုတော့ download ဆွဲပေးထားတာတွေရှိတယ်။ နောက် Software ပရိုဂရမ်တွေ၊ application တွေကိုတော့လာသုံးတဲ့အသင်း ၀င်တွေလိုချင်ရင်တော့အခမဲ့လုပ်ပေးပါတယ်။ တကယ့်နိုင်ငံတကာအဆင့်မီ PAC Center တွေ ကိုယ့်နိုင်ငံမှာအများကြီးဖြစ်လာ ဖို့လည်းမျှော်လင့်ပါတယ်” ဟု အင်တာ နက်ကဖေးဆိုင်တစ်ခုမှ ဆိုင်တာဝန်ခံတစ် ဦးမှရှင်းပြသည်။
“ဒီဆိုင်မှာ member ၀င်ထားတယ်ဆို ရင်တော့တခြားလာသုံးတဲ့သူတွေထက် တော့ အခွင့်အရေးနည်းနည်းပိုတာပေါ့။ ကျွန်တော်တို့က Member လာဝင်တယ် ဆိုရင် ဘောပင်လက်ဆောင်ပေးတာတို့၊ ကော်ဖီတိုက်တာတို့လုပ်ပေးပါတယ်။ ပြီး တော့ ကိုယ်ရေးအချက်အလက်တွေကို လည်းတိတိကျကျယူထားပါတယ်။ အင် တာနက်အသုံးပြုခကိုလည်း သူများထက် ဈေးလျှော့ပေးထားပါတယ်” ဟု ၎င်းဆိုင် မှတာဝန်ခံကပင်ထပ်မံရှင်းပြသည်။

No comments: