Microsoft စာမေးပွဲကို Second Shot နေဖြင့်ပြန်လည်ဖြေဆိုနိုင်

နိုင်ငံတကာအသိအမှတ်ပြု မိုက္ကရို ဆောဖ့်စာမေးပွဲများနှင့် ပတ်သက်၍ ကျောင်းသားအများစုမှ ပြန်လည်မျှော် လင့်လျက်ရှိသော စာမေးပွဲကျရှုံးသူများ အားပြန်လည်ဖြေဆိုနိုင်ရန် အခမဲ့စစ် ဆေးပေးသည့် Second Shot စာမေးပွဲ အား စက်တင်ဘာလ ၁၅ရက်နေ့မှ ၂၀၀၈ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့အထိ ပြန်လည် ဖြေဆိုနိုင်ရန် အချိန်သတ်မှတ်ခွင့်ပြုပေး လိုက်ပြီဖြစ်ကြောင်းအွန်လိုင်းစာမေးပွဲ များအား ဖြေဆိုနိုင်သည့် Global Net Test Center မှ သိရသည်။
“အခုလိုစာမေးပွဲကျရှုံးတဲ့လူတွေကို မိုက္ကရိုဆောဖ့်က Second Shot အနေနဲ့ ပြန်လည်ဖြေဆိုခိုင်းတာပါ။ အရင်နှစ်က တော့ ဖေဖော်ဝါရီလဆန်းမှာ ဒီလိုအခမဲ့ ပြန်လည်ဖြေဆိုနိုင်တဲ့ စာမေးပွဲကိုကြေညာ ခဲ့ပေမယ့်ဒီနှစ်မှာတော့ ၇ လနောက်ဆုတ် ပြီး စက်တင်ဘာလမှကြေညာတာတွေ့ရ တယ်။ ပြီးတော့ဒီမှာ Online Registe မ ပြုလုပ်ထားတဲ့လူတွေအနေနဲ့မိမိရရှိထား တဲ့ Code နံပါတ်ကိုကျွန်မတို့ Test Center ကိုပေးပြီး Register ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ဒီပြန်လည်ဖြေဆို ခွင့်ပေးတဲ့စာမေးပွဲတွေမှာက အချိန်သတ် မှတ်ပေးထားတာတွေရှိတော့ အမြန်ဆုံး စာရင်းသွင်းပြီး ဖြေဆိုထားဖို့လိုပါတယ်” ဟု Global Net မှ Online စာမေးပွဲတာ ၀န်ခံ မ၀င်းသီတာလှိုင်မှအင်တာနက်ဂျာ နယ်သို့ပြောသည်။
ယခုအခါ စာမေးပွဲကြေးထပ်မံပေး သွင်းစရာမလိုပဲ စာမေးပွဲပြန်လည်ဖြေဆို စေသောအစီအစဉ်တွင် Microsoft IT Professional, Developer (or) Microsoft Dynamic Certification Exam စသည့် စာမေးပွဲများနှင့်သက်ဆိုင် သောစာမေးပွဲများကိုပြန်လည်ဖြေဆိုနိုင် မည်ဖြစ်သည်။ ပြန်လည်ဖြေဆိုရမည့်စာ မေးပွဲများနှင့်ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက Global Net အခန်း ၁/၂၊ အဆောင် ၇၊ Myanmar Info- Tech သို့ဆက်သွယ်နိုင်ပြီး ဖုန်း- ၆၅၂၃၂၄ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

No comments: