တိုင်းရင်းသားဘာသာစကားဖြင့် SMS ပေးပို့နိုင်ရန်စီစဉ်

SM3 Software application ကို မြန်မာဘာသာဖြင့်ယခုလပိုင်းတွင်ပြည်သူ များအသုံးပြုနိုင်ရန်ဖြန့်ချိခဲ့ပြီးနောက်ထပ်မံ ၍တိုင်းရင်းသားဘာသာစကားဖြင့်အသုံး ပြုနိုင်အောင်စမ်းသပ်လျက်ရှိကြောင်းသိရှိ ရသည်။ တိုင်းရင်းသားဘာသာစကားများ ကိုလည်းမြန်မာစာရိုက်နှိပ်သည့်လက်ကွက် များကဲ့သို့ပင်ကောင်းမွန်လွယ်ကူအောင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။ တိုင်းရင်းသားဘာသာစကားအသုံးပြုနိုင် ရန်စာလုံးစနစ်များအားကိုယ်တိုင်ရေးဆွဲ ဖန်တီးမည်ဖြစ်ပြီးဖုန်းတိုင်းတွင်မြန်မာစာ စနစ်ကဲ့သို့ပင်ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရှိရသည်။
“SM3 development Team“ ကနေ ပြီး SM3 ကိုထပ်ပြီးတိုင်းရင်းသားဘာသာ စကားတွေကို SM3 ပို့နိုင်ယူနိုင်အောင် လုပ်ဖို့အစီအစဉ်တွေရှိပါတယ်” ဟု SM3 development team မှရှင်းပြသည်။
မြန်မာလို SMS ပို့ခြင်းကို MySM နှင့် SM3 ဟူ၍ application နှစ်ခုရှိခဲ့ ရာအောင်မြင်ခဲ့ပြီးတိုင်းရင်းသားဘာသာ စကားဖြင့် SMS ပို့ခြင်းမှာ ယခုထိအသုံး ပြု နိုင်ခြင်းမရှိသေးဘဲ၊ တိုင်းရင်းသားဘာ သာစကား SMS ပို့ခြင်းကိုအသုံးပြုနိုင် မည်ဆိုပါက ပထမဆုံးခြေလှမ်းဖြစ်လာနိုင် ကြောင်းသိရှိရသည်။