ရှမ်းပြည်နယ်၏ အိုင်စီ တီနည်းပညာပြပွဲကို နိုဝင်ဘာလအတွင်းကျင်း ပနိုင်ရန်စီစဉ်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်)နှင့် မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်းတို့မှပူးပေါင်း၍ ဒုတိ ယအကြိမ်မြောက် ရှမ်းပြည်နယ်၏ အိုင်စီ တီနည်းပညာပြပွဲကို နိုဝင်ဘာလ(တောင် ကြီးတန်ဆောင်တိုင်ကာလ)အတွင်းကျင်း ပနိုင်ရန်စီစဉ်လျက်ရှိကြောင်းသိရသည်။ ၎င်းင်း ICT Exhibition ကို နိုဝင်ဘာ လ ၁၈ရက်နေ့မှ ၂၀ရက်အထိတောင် ကြီးမြို့တော်ခန်းမ (သို့မဟုတ်) ပြည်နယ် အမျိုးသမီးရေးရာခန်းမတွင်ကျင်းပနိုင်ရန် စီစဉ်လျက်ရှိသည်။ ထိုပြပွဲအတွက် ရှမ်းပြည် နယ်ကွန်ပျူတာပညာရှင်အသင်းနှင့် ကွန် ပျူတာလုပ်ငန်းရှင်အသင်းတို့မှ ပူးပေါင်း အစည်းအဝေးကို သြဂုတ်လ ၁၈ရက်နေ့ ကကျင်းပခဲ့ပြီး ၎င်းင်းအစည်းအဝေးမှ ပြပွဲ နေရာ၊ ပြပွဲအတွင်းအရောင်းပြခန်းများ၊ ဂိမ်းနှင့် application development ပြိုင် ပွဲများ၊ ကွန်ပျူတာဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ များ၊ ဟောပြောပွဲများကိုထည့်သွင်းကျင်း ပပေးနိုင်ရန်ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။ ထို့အပြင် ရှမ်းပြည်နယ်၏ ဒုတိယအ ကြိမ်မြောက်အိုင်စီတီနည်းပညာပြပွဲကို ရန် ကုန်နှင့်မန္တလေးတို့မှ IT နှင့် အီလက်ထ ရောနစ်ကုမ္ပဏီများဝင်ရောက်ပြသနိုင်ရန် ဖိတ်ခေါ်ထားကာ ၎င်းင်းတို့အတွက်ပြပွဲနေ ရာများကို အဆင်ပြေစွာလာရောက်ပြသ နိုင်ရန်အတွက်လည်းစီစဉ်ပေးထားမည်ဖြစ် ကြောင်းသိရသည်။၎င်းင်းပြပွဲအတွက် မြန်မာနိုင်ငံကွန်ပျူ တာအသင်းချုပ် ကွန်ပျူတာပညာရှင်အ သင်း၊ ကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ ကို တင်ပြအကြောင်းကြားထားပြီးဖြစ်ရာ အသေးစိတ်အချက်အလက်များကိုထပ်မံ ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်းသိရှိရ သည်။

No comments: