MCPA certification တွင် On Job Training ပါဝင်ပေါင်းစပ်

On Job Training ပါဝင်ပေါင်းစပ် ထားသော အဆင့်မြင့် MCPA certification ဖြစ်စေရန်ရည်ရွယ်၍ MIT နှင့် Bizsoft computer center့ တို့မှ Pilot projectှအနေဖြင့် စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်းသိရသည်။
"ဒီလိုအစီအစဉ်တွေလုပ်ပေးတာက နောင်အခါ MCPA Certificationါ ဖြစ် လာဖို့အတွက်ရည်ရွယ်ပါတယ်။ အခုဒီအ စီအစဉ်ကို MCPAိရဲ့အစီအစဉ်နဲ့လုပ် တာမဟုတ်ပေမယ့် ဒီအစီအစဉ်တွေအောင် မြင်သွားမယ်ဆိုရင် ဒီကနေအောင်မြင်သွား တဲ့လူတွေဟာ junior programmerာ အဆင့်ကိုအောင်မြင်မှာဖြစ်တယ်။ သူတို့ ဟာ system designာ တွေကိုဖတ်နိုင် လာမယ်။ program specification။ တွေ ကိုဖတ်ရင်နားလည်နိုင်မယ်။ အဲဒီအဆင့် ကိုပြည့်မီအောင်လည်း ဒီကနေမွေးထုတ် ပေးနေတာဖြစ်တယ်။ ပြီးတော့ သင်တန်း ကာလမှာလည်းသုံးလလောက်ကြာမှာဖြစ် ပါတယ်”ဟု Bizsoft ကွန်ပျူတာစင်တာမှ ဦးရဲရင့်ဝင်းက အင်တာနက်ဂျာနယ်သို့ ပြောသည်။
ယခင်က MCPA မှစစ်ဆေးသော စာ မေးပွဲများမှာ နိုင်ငံတကာစံချိန်စံနှုန်းများ နှင့် ကိုက်ညီရုံသာရှိခဲ့ရာမှ ယခုအခါ On Job Training ပါဝင်ပေါင်းစပ်ကာ အမှန် တကယ်လုပ်ငန်းခွင်များတွင်လိုအပ်နေ သောကျွမ်းကျင်သည့်အင်ဂျင်နီယာများရရှိ စေရန်ရည်ရွယ်၍ ယခုကဲ့သို့ On Job Training သင်တန်းများဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်းသိရသည်။

No comments: