Internet Bandwidth များကို ထပ်မံချဲ့မည်

မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြု မှုတိုးတက်များပြားလျက်ရှိခြင်းကြောင့် Internet Bandwidth များကို ထပ်မံချဲ့ ထွင်ရန် စီမံဆောင်ရွက်လျက်ရှိရာ ရေ အောက်ဖိုက်ဘာကေဘယ်လ်ဆက်ကြောင်း အပြင် GMS စီမံကိန်းနှင့်နယ်စပ်ဖြတ် ကျော်ဖိုက်ဘာဆက်ကြောင်းများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Internet Bandwidth များကိုတိုးချဲ့ နိုင်ရန် ရေအောက်ဖိုက်ဘာကေဘယ်လ် ဆက်ကြောင်းအပြင် Greater Mekong Information Superhighway ခေါ် GMS စီမံကိန်းနှင့်မြန်မာ-တရုတ်၊ မြန်မာ- အိန္ဒိယ၊ မြန်မာ-ထိုင်းစသည့်နယ်စပ်ဖြတ် ကျော်ဖိုက်ဘာဆက်ကြောင်းများကိုတစ် ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဇူလိုင်လ ၃၀ ရက်နေ့တွင်ကျင်းပခဲ့သော e-Library အဆင့်မြှင့်တင်ရေးစာတမ်းဖတ်ပွဲ၌ ဆက် သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဌာန ၀န်ကြီးဗိုလ်မှူးချုပ်သိန်းဇော် ကပြော ကြားခဲ့သည်။
ICT Industry ကိုနိုင်ငံ၏ အဓိက စီးပွားရေးကဏ္ဍတစ်ခုအဖြစ်ဆောင်ရွက်ရာ တွင် အိုင်တီနည်းပညာဖွံ့ဖြိုးတိုးတက်ရေး အတွက်မရှိမဖြစ်လိုအပ်သော ICT Park များကိုရန်ကုန်နှင့်မန္တလေးမြို့များတွင် ထူ ထောင်ပေးခဲ့သည့်အပြင် ယခုအခါ ပြင် ဦးလွင်မြို့အနီးတွင် မြန်မာနိုင်ငံ၏ ပထမ ဦးဆုံးအိုင်တီအခြေစိုက်မြို့ကြီးဖြစ်လာမည့် ရတနာပုံဆိုက်ဘာစီးတီးကို မကြာမီဖွင့် လှစ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အိုင်တီအခြေစိုက်မြို့ကြီးတွင် နိုင်ငံတကာအဆင့်မီ Software, Hardware Park များအပြင် Teleport အ ဆောက်အဦနှင့် Incubation Center များပါဝင်မည်ဖြစ်ရာ ICT ကုမ္ပဏီများ အတွက်သာမက မျိုးဆက်သစ်လူငယ်များ အတွက်ပါအခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင

No comments: