ပျဉ်းမနားမြို့တွင် ဆိုက်ဘာကဖေးဆိုင်တစ်ဆိုင်ထပ်မံဖွင့်လှစ်

နေပြည်တော်၊ ပျဉ်းမနားမြို့တွင်ထပ် မံအသစ်တိုးဖွင့်လှစ်လာသော NET For You Cyber Cafe တွင်အင်တာနက် အ သုံးပြုမှုအားဈေးနှုန်းချိုသာစွာဖြင့် အသုံး ပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။
ပျဉ်းမနား၊ နေပြည်တော်တွင် ဧပြီလ ဒုတိယ ပတ်ခန့်မှစတင်၍ မြန်နှုန်းမြင့် ADSL စနစ်ဖြင့်အင်တာနက်အသုံးပြု ခွင့်ရရှိပြီဖြစ်သည်။ပျဉ်းမနားမြို့ပေါ်တွင် အင်တာနက်သုံးစွဲခမှာ တစ်နာရီလျှင် ၈၀၀ ကျပ်နှုန်းဖြစ်သော်လည်း အဆိုပါဆိုင်တွင် တစ်နာရီလျှင် ၅၀၀ ကျပ်သာ ယူကြောင်း သိရသည်။
“ ကျွန်တော်တို့ဆိုင်က အရင်တုန်းက Net Game ဆိုင်ပါ။ အခု ADSL စနစ် အသုံးပြုခွင့်ရမှအင်တာနက် တပ်လိုက် တာပါ။ ရန်ကုန်နဲ့ပျဉ်းမနား အင်တာနက် သုံးတာဘာကွာလဲဆိုတော့ကလေးတွေက Net Game ပဲပိုပြီးစိတ်ဝင်စားကြတယ်။ ကျွန်တော်တို့ကအင်တာနက်လို့ဆိုတာ ဘယ်လိုအသုံးဝင်တယ်။ ဘယ်လိုအကျိုး ရှိတယ်ဆိုပြီး မသိမသာဆွယ်ပြီးသင်ပေး ရတာလဲရှိတယ်။ တချို့ကလည်း အင် တာနက်လို့ ဆိုလိုက်တာနဲ့ လန့်သွားကြ တယ်။ အမှန်တကယ်တော့ လန့်စရာ မ လိုပါဘူး။ Mouse ကိုနိုင်တဲ့သူ (သို့မဟုတ်) Basic လောက်ပြီးထားပြီး အင်တာနက်မ သုံးတတ်ပဲသုံးချင်စိတ်ရှိတယ် ဆိုရင် လည်းသုံးတတ်သွားအောင်၊ Account၊ တွေဖွင့်တတ်အောင်နားလည်အောင် ကျွမ်းကျင်သူတွေနဲ့အခမဲ့ကူညီပေးမှာပါ၊ ကျွန်တော်တို့ဆိုင်မှာလာသုံးတဲ့သူတွေက အဲဒီ့ဆားဗစ်တွေပေးမှာပါ” ဟု Net For You ဆိုင်မှ ကိုစိုင်းက အင်တာနက်ဂျာ နယ်သို့ပြောဆိုသည်။

No comments: