မိုဘိုင်းဖုန်းတွင် တီဗီကြည့်ရှု၍ရနိုင်

မိုဘိုင်းဖုန်းတွင် တီဗီကြည့်ရှု၍ရနိုင် မည့်အစီအစဉ်တစ်ခုကိုပြုလုပ်လျက်ရှိရာ သက်ဆိုင်ရာရုပ်မြင်သံကြားလွှင့်ကုမ္ပဏီ နှင့်ဆွေးနွေးလျက်ရှိပြီး၊ သဘောတူညီမှု များရရှိပါက ပြည်သူများအသုံးပြုနိုင်ရန် အတွက် Workshop ပြုလုပ်ပြသသွား ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိ ရသည်။ မိုဘိုင်းတီဗီကြည့်ရှုနိုင်ရန်စွမ်း အားမြင့်သောကွန်နက်ရှင်ဖြစ်သည့် မိုဘိုင်း ကွန်ရက် GPRS, စနစ်ကိုမရရှိအချိန်အ တွင်း SMS ကွန်နက်ရှင်ဖြင့်ဝင်ကြည့်ရှုနိုင် ရန် စီစဉ်ထားခြင်းဖြစ်ကြောင်းသိရှိရသည်။ မိုဘိုင်းတီဗီကို family entertainmentုဖြင့်ပူးပေါင်းဆောင်ရွက်ပြီးဘောလုံးပွဲများ၊ Movies သတင်းများကိုပါကြည့်ရှုနိုင်ရန် စီစဉ်လျက်ရှိခြင်းဖြစ်ကြောင်းသိရသည်။
“ဒီမိုဘိုင်းတီဗီကို Sim Card ထဲမှာ တခါတည်းပါဝင်အောင်လုပ်ထားမှာဖြစ် ပါတယ်။ Sim Card ကိုရတာနဲ့ ဟန်းဖုန်း ကိုင်ဆောင်သူဟာ တီဗီအစီအစဉ်တွေကို ပါရရှိလာမှာဖြစ်ပါတယ်။ မိုဘိုင်းတီဗီအ သုံးပြုနိုင်ဖို့ GPRS လိုစနစ်တွေရဖို့စောင့် နေစရာမလိုဘဲ SMS ကွန်နက်ရှင်အားနဲ့ ဘဲ မိုဘိုင်းတီဗီကြည့်လို့ရအောင်စီစဉ် ထားတာဖြစ်ပါတယ်” ဟု Mobilemate Telecommunicationုမှ ကိုကျော်ထူး လင်းမှအင်တာနက်ဂျာနယ်သို့ပြောပြသည်။မိုဘိုင်းတီဗီအစီအစဉ်များကို သက် ဆိုင်ရာသို့ချပြရန်အတွက် workshop တစ်ခုကိုလည်းစီစဉ်လျက်ရှိပြီး ယင်း workshop တွင်ကြိုက်နှစ်သက်မှုများရှိပါက ပြည်သူများထံသို့မိုဘိုင်းတီဗီကြည့်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်းလည်းသိရှိ ရသည်။

2 comments:

Unknown said...

ကျေးဇူးတင်ပါတယ်။

Anonymous said...

Thank!