အင်တာနက်အသုံးချ အရည်အချင်းသတ်မှတ်ပေးသောCIW Certificate (Certified Internet Web) အွန်လိုင်းပေါ်မှဖြေဆိုရယူနိုင်

အင်တာနက်နှင့် နေ့စဉ်ထိတွေ့လုပ်ကိုင် နေသူများအတွက် အင်တာနက်အသုံးချ အရည်အချင်းသတ်မှတ်ပေးသော Certified Internet Web (CIW) ကိုအွန်လိုင်း ပေါ်မှဖြေဆိုနိုင်ပြီဖြစ်ကြောင်းသိရသည်။
Certified Internet Web (CIW) မှာအင်တာနက်အသုံးချအိုင်တီသမားများ အတွက်အရည်အချင်းသတ်မှတ်ပေးသော စာမေးပွဲဖြစ်ပြီး အခြေခံစာမေးပွဲမှာ Administrator, Master, Web Manager, Web site Designer, Enterprise Developer, Design Specialist, Security Analyst ဖြစ်သည်အထိအဆင့်ဆင့် ဖြေဆိုရသောစာမေးပွဲဖြစ်သည်။ အဆင့် မြင့်စာမေးပွဲမဖြေဆိုခင်အခြေခံစာမေးပွဲ ဖြစ်သော CIW V5 Foundation IDO-510 ကိုဦးစွာဖြေဆိုရပြီးအောင်မြင်ပါက CIW Associateဃ အဖြစ်သတ်မှတ်ကြောင်း သိရသည်။ စာမေးပွဲဖြေဆိုချိန်မှာ မိနစ် (၉၀) ဖြစ်ပြီးမေးခွန်းပေါင်း (၈၅)ခုပါဝင် သည်။ Associate တစ်ဦးအနေဖြင့် ကွန် ပျူတာအခြေခံ OS များဖြစ်သော Window နှင့် Unix/Linuxအခြေခံသဘော တရားများကိုနားလည်ပြီး အင်တာနက်အသုံးချစီးပွားရေးလုပ်ငန်းများရှိ တာဝန်နှင့် လုပ်ငန်းအဆင့်ဆင့်ကို သဘောပေါက်နား လည်မည်ဖြစ်သည်။
မေးခွန်းများကို Internet Business Foundation, Site Development Foundation, Networking Technology Foundation စသည်ဖြင့်အပိုင်း(၃) ပိုင်းရပ်ခွဲခြားစစ်ဆေးပြီး မေးခွန်း(၈၅)ခု အနက်အနည်းဆုံး(၅၄)ခုမှန်ကန်စွာဖြေဆို နိုင်ပါကစာမေးပွဲအောင်မြင်မည်ဖြစ်သည်။ အောင်မှတ်ရာခိုင်နှုန်းမှာ ၆၃ ရာခိုင်နှုန်း ဖြစ်သည်။ အင်တာနက်အခြေခံနှင့် နြအတသမုငညါ အခြေခံသဘောတရားများ၊ အ သုံးပြုသောပစ္စည်း များအကြောင်းသိရှိနား လည်ပါက CIW Associate ကိုအလွယ် တကူဖြေဆိုအောင်မြင်နိုင်ကြောင်းအွန်လိုင်း စာဖြေဌာနတစ်ခုဖြစ်သော Myanmar Inspiration မှတာဝန်ရှိသူကိုလှမျိုးထွန်းမှ အင်တာနက်ဂျာနယ်သို့ပြောကြားခဲ့သည်။CIW Foundation စာမေးပွဲလာ ဖြေသွားတဲ့သူတွေရှိနေပါပြီ။ လာဖြေတဲ့ သူတွေကလည်းအမှတ်ပြည့်ရသွားကြတယ်။ တကယ်တော့မြန်မာနိုင်ငံမှာအင်တာနက် အသုံးပြုတဲ့ကုမ္ပဏီတွေများလာသလို CIW လိုမျိုးအင်တာနက်ကျွမ်းကျင်မှုကို အသိအ မှတ်ပြုလက်မှတ်ကိုင်ဆောင်သူတွေလိုအပ် နေပါပြီ။ ဒီစာမေးပွဲက အင်တာနက်အသုံး ချစီးပွားရေးနယ်ပယ်မှာ အခြေခံအကျဆုံး ဖြစ်တဲ့အတွက် မည်သူမဆိုစိတ်ပါဝင်စား ပြီး Certified ဖြစ်ချင်တဲ့စိတ်ဓာတ်ရှိရင် အလွယ်တကူဖြေဆိုနိုင်ပါတယ်””ဟု ၎င်းင်းမှ ထပ်မံပြောကြားခဲ့သည်။ IDO-510 ၏စာမေးပွဲကြေးမှာ အမေ ရိကန်ဒေါ်လာ၇၀ ဖြစ်ကြောင်းထပ်မံသိရှိ ရသည်။

No comments: