MySuboo အမည်ရှိဝက်ဘ်ဆိုက်သစ်လွှင့်တင်

မိမိ၏ခံစားချက်များ၊ ကိုယ်တိုင်ဖန်တီး ထားသောသီချင်းများ၊ ဓါတ်ပုံမျာျးွှငုင များကိုတစ်ပါးသူထံသို့ခွဲဝေအသိပေးနိုင် ပြီး အသုံးပြုသူများမှကိုယ်တိုင်ဝင်ရောက် ပြင်ဆင်ရေးသားနိုင်သော MySuboo အမည်ရှိ ၀က်ဘ် ဆိုက်=သစ်တစ်ခုကိုစက်တင် ဘာ ၁ ရက်နေ့မှစတင်၍ သုံးစွဲနိုင်နေပြီ ဖြစ်ကြောင်းသိရသည်။
၎င်းင်း MySuboo ၀က်ဘ်ဆိုက်တွင် အဓိကကဏ္ဍကြီးများအနေဖြင့် Forum, music, books, blogs, wiki နှင့် Photos စသည့်ကဏ္ဍ ၆ခုဖြင့်စတင်တည်ဆောက် ထားသည်။
“ဒီဝက်ဘ်ဆိုက်မှာအဓိကကဏ္ဍကြီး ခြောက်ခုနှင့်စတင်လွှင့်တင်ပါတယ်။ Forum ဆို ရင်ကိုယ်သိချင်တာ၊ ကိုယ်ကနေ အသိပေး ချင်တာတွေကို လွတ်လပ်စွာ ရေးတင်လို့ရ ပါတယ်။ သြသျု ကဏ္ဍဆိုရင် လည်း ပြည်တွင်းမှာရှိတဲ့ကဗျာတွေ၊ ၀တ္ထုတို တွေ၊ ဆောင်းပါးတွေ၊ ဟာသဖြစ်စဉ်တွေ၊ ကာတွန်းတွေတင်ပေးထားပါတယ်။ Blogs။ ကဏ္ဍမှာလည်း ကိုယ်တိုင်ဝက်ဘ်ဆိုက် တစ်ခုမဆောက်နိုင်သေးတဲ့သူတွေအတွက် ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခုလိုကိုယ်ရေး ချင်တာ၊ ကိုယ်တင်ပြစရာရှိတာတွေကို တင်လို့ရပါတယ်။ Wiki ။ဆိုရင်လည်း ကမ္ဘာ့စွယ်စုံကျမ်းတွေလိုဒေတာအချက် အလက်တွေစုံလင်အောင်တင်ထားပေး တာပါတယ်။ ထူးခြားတာက ကိုယ်တိုင် Wiki ၀င်ရေးနိုင်ပြီး Wiki မှာမှားနေတာ တွေရှိနေရင်လည်း ၀င်ရောက်ပြင်ဆင်ပေး သွားနိုင်ဦးမှာပါ။ Photo ကဏ္ဍမှာလည်း ကိုယ့်စိတ်ကြိုက်ပုံတွေကိုအလွယ်တကူ တင်ခွင့်ပေးထားပါတယ်။ ဒီဝက်ဘ်ဆိုက်ရဲ့ ထူးခြားမှုကပေးပို့တဲ့ အကြောင်းအရာတွေ ကို ၀က်ဘ်ဆိုက်ရဲ့ Admin ကနေပြင်ဆင် တင်ပေးတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်လွတ် လွတ်လပ်လပ်တင်နိုင်အောင်လုပ်ပေး ထားတာပါ” ဟု လွှင့်တင်ရေးအဖွဲ့မှတာ ၀န်ရှိသူမချိုဇင်အေး မှရှင်းပြသည်။
၎င်းင်းဝက်ဘ်ဆိုက်သည် မိမိ၏ခံစားချက် များ၊ ဗဟုသုတများ၊ တက်သစ်စလူငယ် လေးများအတွက်မိမိသီဆိုထားသောသီ ချင်းများကိုဝက်ဘ်ဆိုက်ပေါ်သို့ကိုယ်တိုင်တင် ကာ အားပေးမည့်ပရိသတ်အားရှာဖွေနိုင် ပြီး User များမှလည်းသီချင်းအသစ်များ၊ သီဆိုဖန်တီးထားသူများကိုအားပေးရင်း သီချင်းအသစ်များကိုခံစားနားဆင်နိုင်မည် ဖြစ်ကြောင်းသိရသည်။
သီချင်းကဏ္ဍကဲ့သို့ပင် book ကဏ္ဍ သည်လည်း ကဗျာဆရာ၊ စာရေးဆရာမ ဖြစ်သေးသူများအတွက်လည်း မိမိ၏၀ါသ နာများ၊ ခံစားချက်များကိုစာဖတ်သူများ ထံအလွယ်တကူတင်ပြရင်း နာမည်ကြီး စာရေးဆရာများဖြစ်လာနိုင်ကာ စာဖတ် ၀ါသနာပါသူများအဖို့လည်း တစ်ပါးသူ၏ ခံစားချက်များ၊ မဂ္ဂဇင်းများ၊ နည်းပညာ သစ်များ၊ ၀တ္ထုဆောင်းပါးများကိုအလွယ် တကူဖမ်းယူနိုင်မည်ဖြစ်သည်။ ထို့အပြင် ကိုယ်မသိရှိသေးသောအကြောင်းများကို ရှာဖွေနိုင်သော Wiki အွန်လိုင်းစွယ်စုံကျမ်း တစ်ခုလည်းပါဝင်ကာကိုယ်သိရှိပြီးသော အကြောင်းများကိုပြန်လည်ဝေ Wikiအားအသုံးပြုသူများအနေဖြင့်ပြန် လည်ပြင်ဆင်နိုင်ကြောင်းသိရသည်။အဓိကအားဖြင့်အသုံးပြုသူ User များ အချင်းချင်း နည်းပညာ၊ ၀ါသနာနှင့်ခံ စားမှုများကိုတိုက်ရိုက်ဖလှယ်နိုင်ရန်နှင့် ၀ါ သနာတူခံစားချက်တူညီသူများအားအဓိ ကတွေ့ဆုံပေးနိုင်သောနေရာဖြစ်နိုင်ရန်ရည် ရွယ်ကြောင်းသိရသည်။

3 comments:

Anonymous said...

Oi, achei seu blog pelo google está bem interessante gostei desse post. Gostaria de falar sobre o CresceNet. O CresceNet é um provedor de internet discada que remunera seus usuários pelo tempo conectado. Exatamente isso que você leu, estão pagando para você conectar. O provedor paga 20 centavos por hora de conexão discada com ligação local para mais de 2100 cidades do Brasil. O CresceNet tem um acelerador de conexão, que deixa sua conexão até 10 vezes mais rápida. Quem utiliza banda larga pode lucrar também, basta se cadastrar no CresceNet e quando for dormir conectar por discada, é possível pagar a ADSL só com o lucro da discada. Nos horários de minuto único o gasto com telefone é mínimo e a remuneração do CresceNet generosa. Se você quiser linkar o CresceNet(www.provedorcrescenet.com) no seu blog eu ficaria agradecido, até mais e sucesso. (If he will be possible add the CresceNet(www.provedorcrescenet.com) in your blogroll I thankful, bye friend).

Anonymous said...

ကိုအရမ်းသတိရတယ်

Anonymous said...

ဝိုင်း

ကိုကိုယ်အရမ်းလွမ်းတယ် ရရှားက နေ အမြန်ပြန်လာပါ