WiMax အင်တာနက်လိုင်း၏အားနည်းချက်၊ အားသာချက်များကိုသိရှိလိုသူများရှိနေ

နောက်ဆုံးပေါ်အင်တာနက်နည်းပညာ ဖြစ်သည့် WiMax အင်တာနက်လိုင်းကို စတင်ဝယ်ယူနိုင်ပြီဟု Myanmar Tele- port မှကြော်ငြာထားသော်လည်း ၀ယ်ယူ သူများမှ ၎င်းင်း၏အားနည်းချက်၊ အားသာ ချက်များကို စောင့်ကြည့်လျက်ရှိကြကြောင်း အိုင်တီလောကအတွင်းမှကွန်ပျူတာပညာ ရှင်များမှပြောသည်။
“WiMax“ အင်တာနက်လိုင်းဝယ်ယူ တဲ့လူတွေကို တစ်လအခမဲ့စမ်းသုံးနိုင် တယ်ဆိုပြီး ကြော်ငြာကာဝယ်ယူမယ့် ဖောင်တွေကိုစတင်လက်ခံနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက်ကျွှငထြေ ဆိုတာနည်းပညာသစ်ဖြစ်နေတယ်။ Wi-Fi လိုမျိုး ADSL လိုင်းတွေလိုမျိုးရင်းနှီးပြီး သားအင်တာနက်လိုင်းတွေဆိုရင် ၀ယ်ယူ ဖို့လက်မနှေးပါဘူး။ ဒါပေမဲ့ WiMax အား နည်းချက်၊ အားသာချက်တွေကိုပြည့်ပြည့် စုံစုံမသိရသေးဘူးလေ။ ဒါ့ကြောင့်ဒီမှာ တပ်ဆင်မယ့် WiMax ရဲ့အားနည်းချက်၊ အားသာချက်တွေကိုစုံစမ်းနေပါတယ်။ ဒီဟာက အရမ်းလည်းအသုံးဝင်မယ်၊ ကိုယ့်အတွက်လည်း အရမ်းအကျိုးရှိမယ် ဆိုရင်ဒီလိုနည်းပညာသစ်တွေကိုသူများ ထက်ဦးအောင်အသုံးပြုချင်ပါတယ်”” ဟု မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။
အခုချပေးတဲ့ WiMax ဟာ Wi-Fi လို Base to Base သွားတာမဟုတ်ဘူး။ Base to many သွားတာ၊ ပြီးတော့ဒီဟာ တွေက access points တွေကို cell towers တွေကနေတစ်ဆင့်သွားတာ။ ဒါ ကြောင့်နံရံကြီးတွေခံတာ၊ တိုက်အမြင့်ကြီး တွေခံနေတာကိုမှုစရာမလိုတော့ပါဘူး။ ဒါ ပေမဲ့ ဒီမှာသုံးတဲ့စက်နဲ့ကျွန်တော်သိထား တဲ့ WiMax ကတူလားမတူဘူးလားဆို တာကိုစောင့်ကြည့်နေပါတယ်။ ပြီးတော့ ဒီဟာကိုမြို့ထဲမှာစမ်းသပ်သုံးတဲ့ အနေနဲ့ Traders Hotel ခေါင်မိုးမှာ WiMax လွှင့်မယ့်တိုင်ကိုထောင်ထားမယ်လို့လည်း ကျွန်တော်တို့ကြားတယ်ဟု”” Net Sky Internet Cafe မှကိုဇော်ဝင်းထွန်းက အင် တာနက်ဂျာနယ်သို့ပြောသည်။
ယခုအခါ WiMax အင်တာနက်လိုင်း ကို Myanmar Teleport တွင်မှတ်ပုံတင် မူရင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာများ နှင့်အတူ FEC 1500 ပေး သွင်း၍မည်သူမဆိုလျှောက်ထားနိုင်ပြီး က နဦးတပ်ဆင်သူများအား တစ်လအခမဲ့ပေး သုံးသွားမည်ဖြစ်ကြောင်းသိရသည်။ အ သေးစိတ်သိရှိလိုပါ က Myanmar Tele- port ယ အမှတ် ၆၁၇၊ ပြည်လမ်း၊ ကမာရွတ် မြို့နယ်၊ ဖုန်း ၅၁၅၂၅၀၊ ဖက်စ် ၅၄၁၅၅၉ သို့စုံစမ်းဆက်သွယ်နိုင်ကြောင်းသိရသည်။

1 comment:

Anonymous said...

ဈေးများတယ်ဗျာဂျပန်မှာ၅လုံးလောက်သုံးရင်တော့ရတယ်adslလောက်တော့မကောင်းဘူးပေါ့တလမြန်မာငွေ၎သောင်းဘဲကျတယ်၂နှစ်သုံးဝယ်စရာမလိုfree